user name

password   (forgot)

   Register





martali
Profile
Blog
Comments
  blog rss


            
ပြန်လိုခြင်တယ်
Mon Jun 28, 2010 5:58:39 am


တကယ်လို့
သူ့အပေါ် ယုံမှတ်
ပုံအပ်ခဲ့သမျှ
အချစ်တွေအားလုံး......
ပြန်တောင်းလို့ ရမယ်ဆိုရင်.....

တကယ်လို့
သူ့အတွက် ကုန်ဆုံး
ငါသုံးခဲ့သမျှ
အချိန်တွေ အားလုံး....
ပြန်တောင်းလို့ ရမယ်ဆိုရင်.....

တကယ်လို့
သူ့အတွက် ပူဆွေး
ငိုကြွေးခဲ့သမျှ
မျက်ရည်စ တွေအတွက်.....
ပြန်တောင်းလို့ရမယ်ဆိုရင်....

တကယ်လို့
ချစ်သူက ကလေး ဘ၀ကလို
ပေးပြီးသားကိုပြန်တောင်းတယ်
မျက်စိ စွံလိမ့်မယ်လို့
စကားနာ မထိုးခဲ့ဘူးဆိုရင်......